general216 wordsRead on Arc Codex

မြန်မာစစ်ရာဇဝတ်မှုများ ကြံရာပါစွဲချက်နဲ့ တယ်လီနောကုမ္ပဏီတရားစွဲခံရ

မြန်မာနိုင်ငံမှာ ၂၀၂၁ စစ်အာဏာသိမ်းအပြီး လူသားထုအပေါ် ကျူးလွန်တဲ့ နိုင်ငံတကာ ရာဇဝတ်မှုတွေမှာ တယ်လီနော (Telenor) ဖုန်းကုမ္ပဏီအနေနဲ့ အပံ့အပိုး အကူအညီအဖြစ် ပါဝင်ပတ်သက်ခဲ့မှု ရှိမရှိ နော်ဝေ ရဲတပ်ဖွဲ့က တိုင်လီနောကုမ္ပဏီကို စုံစမ်းစစ်ဆေးနေတယ်လို့ နော်ဝေရဲတပ်ဖွဲ့က စက်တင်ဘာ ၁၅ ရက်နေ့က ပြောလိုက်ပါတယ်။ ဒီအထဲမှာ ပိတ်ဆို့အရေးယူရေးမှုဆိုင်ရာ ဥပဒေကို ချိုးဖောက်သလားဆိုတဲ့ အချက်လည်း ပါဝင်တယ်လို့ နော်ဝေနိုင်ငံ အမျိုးသားရာဇဝတ်မှု စုံစမ်းရေးအဖွဲ့(NCIS) နဲ့ လုံခြုံရေးရဲတပ်ဖွဲ့ (PST) တို့က ပူးတွဲကြေညာ ချက်မှာ ပြောကြားထားပါတယ်။ မြန်မာစစ်တပ်က အရပ်သားအစိုးရခေါင်းဆောင်တွေကို ဖမ်းဆီးပြီး အာဏာသိမ်းပြီးတဲ့နောက် အရပ်သား ပြည်သူတွေရဲ့ လူ့အခွင့်အရေးကို အကြီးကျယ် ချိုးဖောက်ဖိနှိပ်နေချိန်မှာ တယ်လီနော်မြန်မာ ကုမ္ပဏီဟာ တယ်လီဖုန်း ကွန်ရက်အသုံးပြုသူတွေရဲ့ သတင်းအချက်အလက်တွေကို မြန်မာစစ်တပ်ကို အကြိမ်ကြိမ် ပေးအပ်ခဲ့တယ်လို့လည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။ ဒီလို အမှုဖွင့် တရားစွဲလိုက်တာကို ကနဦး တိုင်တန်းခဲ့တဲ့ အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ Justice for Myanmar အဖွဲ့က စက်တင်ဘာ ၁၆ ရက်နေ့က ကြိုဆိုလိုက်ပါတယ်။ “တယ်လီနောအနေနဲ့ ပုဂ္ဂိုလ်ရေးအချက်အလက်တွေကို သိလျက်နဲ့ စစ်အုပ်စုဆီ ပေးအပ်ခဲ့ခြင်းကတဆင့် စစ်အုပ်စုရဲ့ မတရားဖမ်းဆီးမှုတွေ၊ ညှဉ်းပန်းနှိပ်စက်မှုတွေ၊ သတ်ဖြတ်မှုတွေနဲ့ ကွပ်မျက်မှုတွေကို အားပေးကူညီခဲ့တာတွေ အပါအဝင်၊ မြန်မာပြည်သူတွေအပေါ် ဖြစ်ပေါ်စေခဲ့တဲ့ ထိခိုက်နစ်နာမှုတွေအတွက် တယ်လီနောကို အပြည့်အဝ တာဝန်ခံစေရမှာ ဖြစ်ပါတယ်” လို့ အဖွဲ့ရဲ့ပြောခွင့်ရသူ မရတနာမောင်က ပြောပါတယ်။ ဒီအမှုကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၁၉ ရက်က Justice For Myanmar နှင့် ICJ Norway တို့က နော်ဝေ ရဲတပ်ဖွဲ့ကို တိုင်ကြားချက်ဖွင့်ခဲ့တာဖြစ်ပြီး ဒီတိုင်ကြားချက်မှာ တယ်လီနောဟာ နော်ဝေနိုင်ငံက မြန်မာနိုင်ငံ အပေါ် ပိတ်ဆို့အရေးယူထားတဲ့ ပြဌာန်းချက် (‘Myanmarforskriften’) အရ ချမှတ်ထားတဲ့ ပိတ်ဆို့ချက်တွေကို ၂၀၁၈ ခုနှစ်မှ ၂၀၂၂ ခုနှစ်အတွင်း ချိုးဖောက်ခဲ့တယ်လို့ စွပ်စွဲထားပြီး၊ ကန့်သတ်ထားတဲ့ စောင့်ကြည့် ထောက်လှမ်းရေး ပစ္စည်းတွေကို ၂၀၂၂ မြန်မာနိုင်ငံက ထွက်ခွာချိန် မြန်မာစစ်တပ်နဲ့ ဆက်နွှယ်နေတဲ့ ဝယ်ယူသူကို လွှဲပြောင်းပေးခဲ့တယ်လို့ စွပ်စွဲထားတယ်လို့ သိရပါတယ်။ တယ်လီနောကုမ္ပဏီဟာ ၂၀၂၂ မတ်လမှာ မြန်မာနိုင်ငံက ရှယ်ယာတွေကို တယ်လီနောမြန်မာကို အပြီးသတ် ရောင်းချပြီး နိုင်ငံထဲက ထွက်ခဲ့ပါတယ်၊။ ကုမ္မ္အဏီအနေနဲ့ ဒီအမှုနဲ့ပတ်သက်လို့ စုံစမ်းစစ်ဆေးရေးအဖွဲ့တွေကို အနီးကပ်ပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်ကြောင်း၊ စစ်အာဏာသိမ်းတာဟာ မြန်မာပြည်သူတွေအတွက် ကံဆိုးမိုးမှောင်ကျတာဖြစ်ပြီး မိမိတို့အ နေနဲ့လည်း တခြားရွေးစရာမရှိ အကြပ်အတည်းဆိုက်ခဲ့ရကြောင်း ရိုက်တာသတင်းဌာနက ပေးပို့တဲ့ ဖြေကြားချက်မှာ ပြောထားပါတယ်။ ဒီထုတ်ပြန်ချက်မှာ “စစ်အာဏာပိုင်တွေရဲ့ အမိန့်ကို မလိုက်နာခဲ့ရင် ဝန်ထမ်းတွေဟာ ထောင်ဒဏ်၊ ညှဉ်းပန်း နှိပ်စက်မှုဒဏ်၊ ဒါမှမဟုတ် သေဒဏ်အထိ ရင်ဆိုင်ရနိုင်ခြေရှိခဲ့ကြောင်း၊ မိမိတို့အနေနဲ့ တခြားရွေးစရာ လမ်းမရှိခဲ့ဘဲ အကြပ်အတည်းဆိုက်ခဲ့ရကြောင်း” တယ်လီနောရဲ့ ပြောခွင့်ရသူ ဒေးဗစ် ဖယာလန်း (David Fidjeland) ပြောကြားထားပါတယ်။ တယ်လီနောကုမ္ပဏီကို ဆွီဒင်အခြေစိုက် Justice and Accountability Initiative (JAI) အဖွဲ့ကဦးဆောင်ပြီး နော်ဝေ ရှေ့နေအဖွဲ့တစ်ဆင့် မြန်မာအရပ်ဘက်အဖွဲ့အစည်းနှစ်ခုဖြစ်တဲ့ Defend Myanmar Democracyနဲ့ Myanmar Internet Project တို့နဲ့အတူ လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖြိုးဇေယျာသော်ရဲ့ ဇနီး ဒေါ်သဇင်ညွန့်အောင်တို့က စစ်ရာဇဝတ်မှုတွေမှာ ပါဝင်ပတ်သက်မှုနဲ့ အခုနှစ် အစောပိုင်းက တရားစွဲထားပါတယ်။

How it works

Once you click Generate, Ollama reads this article and crafts 5 comprehension questions. Your answers are graded against the article content — general knowledge won't be enough. Score 70+ to count toward your certificate.

Questions are cached — you'll always get the same 5 for this article.