general150 wordsRead on Arc Codex

ချင်းနှစ်ခြင်းခရစ်ယာန်သင်းအုပ်ဆရာနဲ့ ချင်းခရစ်ယာန်တစ်ဦး ဟားခါးမှာ အသတ်ခံရ

ချင်းပြည်နယ် ဟားခါးမြို့နယ်ရှိ ကျင်စွန်း နှစ်ခြင်းခရစ်ယာန်အသင်း အုပ်ဆရာ ဆရာဝီလျံဟာ စစ်တပ်ခန့်အစိုးရ တပ်တွေရဲ့ လက်ချက်ကြောင့် ချင်းခရစ်ယာန်တစ်ဦးနဲ့အတူ ဇွန်လ ၄ ရက်နေ့က သတ်ဖြတ်ခံခဲ့ရတယ်လို့ အမေရိကန် မေရိလန်းပြည်နယ် အခြေစိုက် မြန်မာလေ့လာရေးသိပ္ပံ BRI က သြဂုတ်လ ၂၇ ရက်နေ့က ကြေညာလိုက်ပြီး အမေရိကန်အစိုးရအနေနဲ့ ဝင်ရောက်ပါဝင်ကူညီဖို့လို့လည်း တောင်းဆိုလိုက်ပါတယ်။ သူတို့ နှစ်ဦးကို ဒေသခံ ချင်းကာကွယ်ရေးတပ်ဖွဲ့ CDF ထောက်ခံအားပေးတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ၂၀၂၆ မေလ ၁၆ ရက်နေ့က ပဲခူးအခြေစိုက် ခမရ ၇၇ လက်အောက်ခံ တပ်တွေက ဖမ်းဆီးသွားခဲ့တာဖြစ်ပြီး ဇွန်လ ၄ ရက်နေ့မှာ အသတ်ခံရတာလို့ သိရပါတယ်။ ဆရာဝီလျံဟာ ဒီဘုရားကျောင်းမှာ ၂၅ နှစ်ကျော် သင်းအုပ်ဆရာအဖြစ် တာဝန်ထမ်းနေခဲ့သူဖြစ်ပြီး စျပနကို သြဂုတ်လ ၂၆ ရက်နေ့က ကျင်စွန်းရွာ ကျောင်းမှာ ကျင်းပခဲ့တယ်လို့ သိရပါတယ်။ အိမ်ခြေ ၃၀၀ ခန့်သာရှိတဲ့ ဒီရွာဟာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်အာဏာပိုင်တွေရဲ့ အကြိမ်ကြိမ် တိုက်ခိုက် ဖျက်ဆီးတာခံခဲ့ရတယ်လို့လည်း သတင်းမှာ ဖော်ပြထားပါတယ်။ ၂၀၂၁ အောက်တိုဘာလထဲမှာ အနီးအနားရွာတွေကို စစ်ကြောင်းထိုးစဥ် ကျင်စွန်းရွာဘုရားကျောင်းလည်း မီးရှို့ခံခဲ့ရသလို ပစ္စည်းတွေ လုယက်ယူတာလည်း ခံခဲ့ရဖူးပါတယ်။ ၂၀၂၆ မေလက အရှေ့တီမောတရားရုံးမှာ ချင်းလူ့အခွင့်အရေးအဖွဲ့ CHRO ရဲ့ အမှုတွဲမှာ ခရစ်ယာန်သင် းအုပ်ဆရာ တစ်ဦးနဲ့ ဘာသာရေးအဖွဲ့ဝင် သုံးဦးကို ရည်ရွယ်ချက်ရှိရှိ သတ်ဖြတ်တာအပါအဝင် ကိုယ်ဝန် ဆောင် အမျိုးသမီးတစ်ဦးကို အုပ်စုဖွဲ့ အဓမ္မပြုကျင့်တာ၊ အသက် ၁၃ နှစ်အရွယ် ကလေးတစ်ဦးနဲ့ သတင်း ထောက်တစ်ဦး အပါအဝင် အရပ်သား ရှစ်ဦးကို လက်ပြန်ကြိုးတုပ်ပြီး သတ်ဖြတ်တာ၊ စစ်လက်နက်အင်အား အလွန်အကျွံသုံးပြီး စစ်ဘက် အရပ်ဘက် မခွဲခြားဘဲ လေကြောင်းတိုက်ခိုက်တာတွေကြောင့် ကျန်းမာရေး ဝန်ထမ်းတွေနဲ့ အရပ်သားတွေ သေဆုံးရတာတွေ ပါဝင်ပါတယ်။ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံအတွင်း ခရစ်ယာန်ပြည်နယ်တွေဖြစ်ကြတဲ့ ကယား၊ ချင်း နဲ့ ကချင် ပြည်နယ် တွေမှာ၊ ခရစ်ယာန်ဘုရားကျောင်းနဲ့ တခြား အသင်းအပင်း လူမှုအဖွဲ့အစည်းတွေဟာ စစ်တပ်ရဲ့ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားတိုက်ခိုက်ခံရတယ်လို့ ၂၀၂၂ က အမေရိကန် ခရစ်ယာန်အသင်းတော် စာစောင် UCA News က ရေးသားခဲ့ဖူးပါတယ်။

How it works

Once you click Generate, Ollama reads this article and crafts 5 comprehension questions. Your answers are graded against the article content — general knowledge won't be enough. Score 70+ to count toward your certificate.

Questions are cached — you'll always get the same 5 for this article.